DDPC Supermarket

ထားဝယ်ဒေသ၏ တိုးတက်ပြောင်းလဲလာမည့်စီးပွားရေး၊ လူမှုရေးနှင့် ဒေသခံပြည်သူတို့၏ လူနေမှု အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် တစ်နေရာတည်းတွင် လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ လျှပ်စစ်ပစ္စည်း အမျိုးမျိုး၊ အလှကုန် နှင့် အခြားသောပစ္စည်းများကိုဈေးနှုန်းချိုသာစွာနှင့် စုံလင်စွာရရှိနိုင်ရန် DDPC Supermarket ကို၂၀၁၆ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့တွင် ခမ်းနားထည်ဝါစွာဖွင့်လှစ် နိုင်ခဲ့ပါသည်။

ခေတ်မှီနိုင်ငံတော်သစ်ကြီးတွင် မြို့ပြဒေသအားလုံး၌ ဖွံ့ဖြိုးတိုးတက်မှု၏ ပြယုဂ်ဖြစ်သော Shopping Center ကြီးကို ကျွန်တော်များ DDPC ကုမ္ပဏီမှ အောင်မြင်စွာဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံတကာ မျက်မှောက် စီးပွားရေး ရေစီးကြောင်းနှင့်အတူ အမိနိုင်ငံတော်၏ အသွင်ပြောင်းကာလ ရင်ဆိုင်နေရသော စိန်ခေါ်မှု ဂယက်များကြောင့် ကုမ္ပဏီ၏ စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးနေခဲ့ရပါသည်။ မည်သို့ပင်ဆိုစေ အစုရှယ်ယာရှင် အားလုံး၏ ယုံကြည်အပ်နှံပေးထားသော စီမံခန့်ခွဲခွင့် သမိုင်းပေးတာဝန်များကို ဒါရိုက်တာအဖွဲ့မှ စွမ်းစွမ်းတမံ ထမ်းရွက်မည်ဟု သန္နိဌာန်ပြုလျက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

Shopping Center အတွင်း အိမ်သုံး၊ လူသုံး၊ လျှပ်စစ်ပစ္စည်း၊ ကော်ဖီနှင့် မုန့်၊ အအေးဆိုင်၊ Barနှင့် KTV များကိုလည်း ထပ်မံထည့်သွင်းထားပါသည်။ ခေတ်မှီအသုံးအဆောင်များ၊ အဖိုးတန် လက်ဝတ်ရတနာများကို အရည်အသွေးမှန်၊ ဈေးနှုန်းမှန်ဖြင့် ပိတ်ရက်မရှိ လွတ်လပ်စွာ ဝယ်ယူနိုင်အောင် စီစဉ်ထားမှုအား ဒေသအတွင်း ပြည်သူအားလုံးခံစားရရှိနေပြီ ဖြစ်ပါသည်။ ထို့အပြင် Shopping Center အပေါ်ထပ်၌ ခေတ်မှီကလေး ကစားကွင်းများ ထပ်မံထည့်သွင်းထားပါသည်။ Supermarket တွင်လည်းလတ်ဆတ်သော၊ သန့်ရှင်းသော၊ အရည်အသွေးမှီသော စားသောက်ကုန်များစွာ ရောင်းချပေးလျက်ရှိသည့်အပြင် ပိုမိုခေတ်မှီသော အသုံးဆောင်ပစ္စည်း၊ စားသောက်ကုန်များ နိုင်ငံတကာမှ တင်သွင်းပေးသွားရန်နှင့် နိုင်ငံအတွင်း အဆင့်မှီ Supermarket တခုအဖြစ် ရှယ်ယာရှင်များ ဂုဏ်ယူဝင့်ကြွားနိုင်ရန် ကျွန်တော်များ ကြိုးစားဆောင်ရွက်လျက် ရှိပါသည်။

 
supermarket 03
supermarket 04