Our Belief
ထားဝယ်ဖွံ့ဖြိုးတိုးတက်မှုအများပိုင်ကုမ္ပဏီလီမိတက်၏ အဓိကရည်ရွယ်ချက်မှာ
- ကျွန်ုပ်တို့၏ ကုမ္ပဏီအား (Listed) ထိပ်တန်းကုမ္ပဏီဖြစ်အောင်ဆောင်ရွက်ပါမည်။
- ကျွန်ုပ်တို့သည် ကိုယ်ကျိုးမဖက်အများအတွက် ဆောင်ရွက်ပါမည်။
- ကျွန်ုပ်တို့သည် ယုံကြည်ချက်အပြည့်ဖြင့် အလုပ်လုပ်လျှင် အရာရာအောင်မြင်မည်ဟု ယုံကြည်ပါသည်။
- ကျွန်ုပ်တို့သည် အချိန်ကိုလေးစားတန်ဖိုးထားပါမည်။
- ကျွန်ုပ်တို့၏ ဖောက်သည်များ၊ ဝန်ထမ်းများနှင့် အစုရှယ်ယာရှင်များအားလုံးကို တန်ဖိုးထား လေးစားလိုက်နာပါမည်။
- ကျွန်ုပ်တို့သည်ကုမ္ပဏီဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်များကို တိကျစွာအသိအမှတ်ပြုတန်ဖိုးထားလိုက်နာ ဆောင်ရွက်ပါမည်။
- ကျွန်ုပ်တို့ဆောင်ရွက်သည့် လုပ်ငန်းစဉ်အားလုံးအား အဖိုးထိုက်တန်စေရမည်။
- ကျွန်ုပ်တို့ကုမ္ပဏီနှင့်သက်ဆိုင်သူအားလုံး ဉာဏ်အမြှော်အမြင်ကြီးမားတိုးတက်စေရမည်။
- ကျွန်ုပ်တို့ဆောင်ရွက်သည့် စီးပွားရေးအားလုံး အစဉ်အဆက်မပြတ် တိုးတက်အောင်မြင်စေရမည်။
ဖွဲ့စည်းပုံအခြေအနေ
1 ထားဝယ်ဖွံ့ဖြိုးတိုးတက်မှုအများပိုင်ကုမ္ပဏီလီမိတက်အား ၂၀၁၂ခုနှစ်၊ ဧပြီလ(၁)ရက်နေ့တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။ ဒါရိုက်တာအဖွဲ့မှ အစုရှယ်ယာရှင်များကို နှစ်စဉ်ကုမ္ပဏီ၏ လုပ်ငန်းများတိုးတက်အောင်မြင်မှု အားသာချက်၊ အားနည်းချက်များကို ဆန်းစစ်၊ ဝေဖန်၊ အကြံကောင်း ဉာဏ်ကောင်းများပေးနိုင်ရန်နှင့် နှစ်စဉ်နှစ်တိုင်း နှစ်ပတ်လည်အထွေထွေအစည်းအဝေးများပြုလုပ်ကျင်းပ၍ အစီရင်ခံလျက်ရှိပါသည်။
2 ကျွန်ုတော်များကုမ္ပဏီကို မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေနှင့်အညီ မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ရာ ကုမ္ပဏီများဆိုင်ရာညွှန်ကြားမှုဦးစီးဌာနမှ မှတ်ပုံတင်အမှတ်-၁၇၉၅/၂၀၁၂-၂၀၁၃ ဖြင့်(၇.၈.၂၀၁၂)ရက်နေ့၌ ပေးရန်တာဝန် ကန့်သတ်ထားသော အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီအဖြစ် ကုမ္ပဏီမှတ်ပုံတင်ရရှိခဲ့ပါသည်။
3 ကျွန်တော်များကုမ္ပဏီကို မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေနှင့်အညီ လုပ်ငန်းဆောင်ရွက်ခွင့်လက်မှတ် လျှောက်ထားခဲ့ရာ ကုမ္ပဏီများမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်အမှတ်- ၁၅/၂၀၁၂-၂၀၁၃ ဖြင့်(၃၁.၁၂.၂၀၁၂) ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်ခွင့်လက်မှတ်ရရှိခဲ့ပါသည်။
4 ကျွန်တော်များကုမ္ပဏီကို မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေနှင့်အညီ Myanmar Companies Online (Myco) စနစ်ဖြင့် (၂.၁၀.၂၀၁၈)ရက်နေ့တွင် မှတ်ပုံတင်လက်မှတ်လျှောက်ထားခဲ့ရာ Company Registration No. 106789258 ဖြင့် (၈.၁၀.၂၀၁၈)ရက်နေ့တွင် ပေးရန်တာဝန်ကန့်သတ်ထားသောအများနှင့်သက်ဆိုင်သည့် ကုမ္ပဏီအဖြစ်မှတ်ပုံတင်ရရှိခဲ့ပါသည်။
5 အစုရှယ်ယာရှင်များနှင့်မတည်ရင်နှီးငွေ
ကျွန်တော်များ ကုမ္ပဏီ၏ ခွင့်ပြုမတည်ရင်းနှီးငွေမှာ ကျပ်သိန်းပေါင်းတစ်သန်းဖြစ်ပြီးအစုရှယ်ယာတစ်စုလျှင် ကျပ်တစ်သိန်းတိတိသတ်မှတ်ထားရှိပါသည်။
6 ဒါရိုက်တာအဖွဲ့ ဖွဲ့စည်းခြင်း
အများနှင့်သက်ဆိုင်သော ကုမ္ပဏီများဆိုင်ရာဥပဒေအရ (25.02.2020) ရက်နေ့၌ ကျင်းပပြုလုပ်သည့် ဒါရိုက်တာအဖွဲ့အစည်းအဝေး BOD (1/8/2020-2021 ) ဆုံးဖြတ်ချက်ဖြင့် အောက်ဖော်ပြပါ ဒါရိုက်တာအဖွဲ့ဝင်(၂၄)ဦးနှင့် လွတ်လပ်သောဒါရိုက်တာ(၂)ဦးကို ရွေးချယ်ဖွဲ့စည်းခဲ့ပါသည်။
7 Our Team (Management Committee)
Dawei Development Public Company Limited
Chairman - ဦးခင်စိုး
ဦးခင်စိုးသည် Dawei Development Public Co.,Ltd ၏ ဥက္ကဌဖြစ်ပြီး လက်ရှိတွင်လည်း Chairman (Ananwar Hlwan Co.Ltd), Chairman (Apex Gas & Oil Public Co.,Ltd), Director (Global Treasure Bank Public Co.,Ltd) အဖြစ် ဦးဆောင်ပါဝင်နေသော အောင်မြင်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ဦး ဖြစ်ပါသည်။
Vice Chairman - ဦးကျော်ဝင်း
Dawei Development Public Co.,Ltd ၏ Vice Chairman မှာ ဦးကျော်ဝင်းဖြစ်ပြီး B.SC (Physic) ဘွဲ့ရရှိပြီးဖြစ်သည်။ ဟိုတယ်လုပ်ငန်း(ပုလဲဧကရီဟိုတယ်)၊ လေကြောင်းလိုင်းကိုယ်စားလုပ်ငန်း၊ အထူးကုဆေးခန်းလုပ်ငန်း (ပုလဲအထူးကုဆေးခန်း)၊ ဘီယာနှင့်နိုင်ငံခြားအရက်၊ အချိုရည်ဖြန့်ချီကိုယ်စားလှယ်လုပ်ငန်း လုပ်ကိုင်ပြီး Pearl Princess Co.၏ အုပ်ချုပ်မှုဒါရိုက်တာတစ်ဦးအဖြစ် စီးပွားရေးလုပ်ငန်းများကို လုပ်ငန်းကိုင်နေသည့်အောင်မြင်သည့် စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်ပါသည်။
Senior Executive Director - ဦးသန်းထွဋ်ဦး
Dawei Devlopment Public Co.,Ltd ၏ Senior Executive Director မှာ ဦးသန်းထွဋ်ဦး ဖြစ်ပြီး ရန်ကုန်စက်မှုတက္ကသိုလ်မှ BE(Electronics) ဘွဲ့ရရှိပြီးဖြစ်ပါသည်။ ရာဘာခြံနှင့် ဆီအုန်းခြံ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နေသော ကောင်းထက်ထုတ်လုပ်မှု ကုမ္ပဏီလီမိတက်၏ ဒါရိုက်တာတစ်ဦး အဖြစ် စီးပွားရေးလုပ်ငန်းများကို တာဝန်ယူ စီမံခန့်ခွဲနေသူ တစ်ဦးဖြစ်ပါသည်။
Business Development Director - ဦးသိန်းထိုက်
Dawei Devlopment Public Co.,Ltd ၏ Business Development Director မှာ ဦးသိန်းထိုက်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်မှ B.A (Philosophy)ဘွဲ့ရရှိပြီးဖြစ်ပါသည်။ ဒေသထွက်ကုန် ကွမ်းသီးရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦး ဖြစ်ပါသည်။
Executive Directors
Dawei Devlopment Public Co.,Ltd ၏ Executive Director များအဖြစ် ဦးသက်လွင်၊ ဦးအောင်ဇော်ဟိန်း၊ ဦးဇော်ဆန်း ၊ ဦးဇော်မျိုးလတ် တို့မှ တာဝန်ယူ၍ စီးပွားရေးလုပ်ငန်းများနှင့် အုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေကြပါသည်။
ဦးသက်လွင်
ဦးသက်လွင်မှာ B.SC (Zoology)ဘွဲ့ရရှိပြီးဖြစ်ပါသည်။ ရာဘာ၊ သီဟိုဠ်စေ့၊ ကွမ်းသီးရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါသည်။
ဦးအောင်ဇော်ဟိန်း
ဦးအောင်ဇော်ဟိန်းမှာ B.A (Hons), MA (English), CDCE (Chaingmai University )ဘွဲ့ရရှိထားသူဖြစ်ပါသည်။ ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ Community Development Projects လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါသည်။
ဦးဇော်ဆန်း
ဦးဇော်ဆန်းမှာ B.SC (Geology) ဖြင့်ဘွဲ့ရရှိပြီးဖြစ်ပါသည်။ ဆေးဆိုင်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးဖြစ်ပါသည်။
ဦးဇော်မျိုးလတ်
ဦးဇော်မျိုးလတ်မှာ B.A (English) ဖြင့် ဘွဲ့ရရှိပြီးဖြစ်ပါသည်။ ရာဘာလုပ်ငန်း၊ လမ်းခင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါသည်။
၂၀၁၉-၂၀၂၀ ခုနှစ် BOD ဒါရိုက်တာများစာရင်း
စဉ် | အမည် | ရာထူး |
---|---|---|
1 | ဦးခင်စိုး | Chairman |
2 | ဦးကျော်ဝင်း | Vice Chairman |
3 | ဦးကျော်ကျော်ဦး | Vice Chairman |
4 | ဦးယူစိန် | Vice Chairman |
5 | ဦးယုဝါ | Vice Chairman |
6 | ဦးအောင်နိုင် | Vice Chairman |
7 | ဦးသန်းထွဋ်ဦး | Senior Executive Director |
8 | ဦးသိန်းထိုက် | Business Development Director |
9 | ဦးအောင်ဇော်ဟိန်း | Executive Director |
10 | ဦးသက်လွင် | Executive Director |
11 | ဦးဇော်ဆန်း | Executive Director |
12 | ဦးဇော်မျိုးလတ် | Executive Director |
13 | ဦးကျော်လွင် | Director |
14 | ဦးကျော်ကျော် | Director |
15 | ဦးအောင်ဇော်ထွန်း | Director |
16 | ဦးနိုင်ဝင်းဇော် | Director |
17 | ဦးခင်ဇော် | Director |
18 | ဦးမင်းလွင် | Director |
19 | ဦးစိုးပိုင် | Director |
20 | ဒေါ်စန်းစန်းနု | Director |
21 | ဦးကျော်မင်းမင်းလတ် | Director |
22 | ဦးကျော်ကျော်ရှိန် | Director |
23 | ဦးယုထွန်း | Director |
24 | ဦးဘာစွမ် | Director |
25 | ဦးကျော်သိန်းနိုင် | Independent Director |
26 | ဦးဟန်ကြည်ဆွေ | Independent Director |
8 ဒါရိုက်တာအဖွဲ့စည်းသည် ကုမ္ပဏီစီမံခန့်အုပ်ချုပ်မှု အလေ့အကျင့်များ၏ အဓိကမဏ္ဏိုင်တစ်ခုဖြစ်ပါသည်။ ဒါရိုက်တာအဖွဲ့သည် စီမံခန့်ခွဲမှု (Management Committee)၏ ဆုံးဖြတ်ချက်များကို ကြီးကြပ်ဦးဆောင်ပေးပြီး ရှယ်ယာရှင်များနှင့် အများပြည်သူတို့၏ ရေရှည်အကျိုးစီးပွားကို ကာကွယ်ပေးလျက်ရှိပါသည်။ ကောင်းမွန်သော ကုမ္ပဏီစီမံခန့်ခွဲအုပ်ချုပ်မှု (Corporate Governance) သည် DDPC ၏ အခြေခံအုတ်မြစ် မူဝါဒတစ်ခုဖြစ်ပါသည်။ ကုမ္ပဏီအနေဖြင့် ရှယ်ယာရှင်များနှင့်လူမှုရေးအသိုက်အဝန်းတစ်ခုအတွက် ရေရှည်တည်တံ့ ခိုင်မြဲသောတန်ဖိုးများဖန်တီးနိုင်ရန်အတွက် ကျင့်ဝတ်သိက္ခာရှိပြီး တာဝန်ယူမှုရှိသော စီးပွားရေးအလေ့အကျင့်များကို ဖော်ဆောင်လျက် မျှတပြီး ပွင့်လင်းမြင်သာမှုရှိသောပုံစံဖြင့် ကုမ္ပဏီ၏ကိစ္စရပ်များကို စီမံခန့်ခွဲပါသည်။
Corporate Governance Committee(ကောင်းမွန်သောစီမံအုပ်ချုပ်မှု)
စဉ် | အမည် | ရာထူး |
---|---|---|
၁ | ဦးကျော်ဝင်း | Vice Chairman |
၂ | ဦးသန်းထွဋ်ဦး | Senior Executive Director |
၃ | ဦးသက်လွင် | Executive Director |
၄ | ဦးအောင်ဇော်ဟိန်း | Executive Director |
၅ | ဦးကျော်သိန်းနိုင် | Independent Director |
၆ | ဦးဟန်ကြည်ဆွေ | Independent Director |
Nomination Committee (အမည်တင်သွင်းရေးကော်မတီ)
စဉ် | အမည် | ရာထူး |
---|---|---|
၁ | ဦးကျော်ကျော်ဦး | Vice Chairman |
၂ | ဦးကျော်ကျော် | Director |
၃ | ဦးကျော်လွင် | Director |
၄ | ဦးအောင်ဇော်ထွန်း | Director |
Remuneration Committee(လစာနှင့် အကျိုးခံစားခွင့်ဆိုင်ရာကော်မတီ)
စဉ် | အမည် | ရာထူး |
---|---|---|
၁ | ဦးယူစိန် | Vice Chairman |
၂ | ဦးနိုင်ဝင်းဇော် | Director |
၃ | ဦးခင်ဇော် | Director |
Audit Committee (စာရင်းစစ်ကော်မတီ)
စဉ် | အမည် | ရာထူး |
---|---|---|
၁ | ဦးအောင်နိုင် | Vice Chairman |
၂ | ဦးသိန်းထိုက် | Business Development Director |
၃ | ဦးမင်းလွင် | Director |
၄ | ဦးကျော်မင်းမင်းလတ် | Director |
၅ | ဦးကျော်ကျော်ရှိန် | Director |
၆ | ဦးစိုးပိုင် | Director |
၇ | ဒေါ်စန်းစန်းနု | Director |
CSR Committee
စဉ် | အမည် | ရာထူး |
---|---|---|
၁ | ဦးယုဝါ | Vice Chairman |
၂ | ဦးဇော်မျိုးလတ် | Executive Director |
၃ | ဦးဇော်ဆန်း | Executive Director |
၄ | ဦးဘာစွမ် | Director |
၅ | ဦးယုထွန်း | Director |
9 ကော်မတီအသီးသီးမှ လစဉ်ပုံမှတ်အစည်းအဝေးများပြုလုပ်၍ စစ်ဆေးတွေ့ရှိချက်များကို ဒါရိုက်တာအဖွဲ့ အစည်းအဝေးသို့တင်ပြဆွေးနွေးသုံးသပ်ပြီ းဆုံးဖြတ်ချက်များချကာ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
OUR PURPOSE
နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များနှင့်အညီ ဈေးကွက်စီးပွားရေးစနစ်ကို အကောင်အထည် ဖော်ရာတွင် အများပိုင်ကုမ္ပဏီများ ထူထောင်ရန် လိုအပ်ပါသဖြင့် ထားဝယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အတူဒေသ ခံ ပြည်သူများလည်း ကြီးပွားတိုးတက်စေရန် ရည်ရွယ်လျှက် DDPC ကို၂၀၁၂ ဧပြီလ ၁ ရက်နေ့တွင် စတင် တည်ထောင် ခဲ့ပါသည်။ ကုမ္ပဏီ ၏ မှတ်ပုံတင်ကို ၇.၈.၂၀၁၂ လည်းကောင်း၊ လုပ်ငန်းစတင် လုပ်ကိုင်ဆောင်ရွက်ခွင့် ကို ၃၁.၁၂.၁၂ တွင် လည်းကောင်း ရရှိခဲ့ပါသည်။
နိုင်ငံတော်၏လွတ်လပ်၍ တရားမျှတသောဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးနေသည့်အခါသမယတွင် ထားဝယ်ဒေသရှိ ပေါကြွယ်လှသော သယံဇာတများ ၊ သန့်ရှင်းလှပသည့် ပင်လယ်ကမ်းခြေများ၊ သဘာဝ အတိုင်းရှိနေသော တောတောင်စိမ့်စမ်းများ ၊ သစ်တောကြီးများကို အခြေခံထားသည့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်နှင့် ပွင့်လင်း၍ ဖော်ရွေရင်းနှီးသော ထားဝယ်သူ၊ ထားဝယ်သားများ၏ ဓလေ့စရိုက်များကို မြန်မာနှင့် ကမ္ဘာက သိစေရန်အလို့ငှာ ဤအများနှင့်သက်ဆိုင်သော Dawei Development Public Co.,Ltd (DDPC) ကို တည်ထောင်ခြင်းဖြစ်ပါသည်။ ထားဝယ်ဒေသရှိ ရင်းနှီးမြုပ်နှံလိုသူများ သာမက နိုင်ငံတဝှမ်းလုံးရှိ ရင်းနှီးမြုပ်နှံသူများအားလုံး ရေရှည်အကျိုးကျေးဇူးရရှိစေမည့် အခွင့်အလမ်းကောင်းကြီး တစ်ရပ် ဖော်ဆောင်ခြင်း ဖြစ်ပါသည်။