1Our Profile (About Us)
ကျွန်တော်တို့ EduPark ကိုယ်ပိုင်အထက်တန်းကျောင်းသည် (၂၀၁၅-၂၀၁၆) ပညာသင်နှစ်တွင် စတင်တည်ထောင်ပြီး စတင်ဖွင့်လှစ်ချိန်မှစ၍ တနင်္သာရီတိုင်း ထားဝယ်ခရိုင်၏ (၄)နှစ်ဆက်တိုက် တက္ကသိုလ်ဝင်တန်း ပထမအောင်ချက်အကောင်းဆုံးကျောင်းအဖြစ် ရပ်တည်ခဲ့ပါသည်။ ဂုဏ်ထူးရှင်များစွာကိုလည်း မွေးထုတ်ပေးခဲ့ပါသည်။
2Education
ပြောင်းလဲနေသောပညာရေးစနစ်သစ်နှင့်အညီ EduPark ကျောင်းသား/သူများအတွက် ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ရှေ့ရှု၍အဖက်ဖက်မှ စနစ်တကျအစီအစဉ်များရေးဆွဲထားပါသည်။
အဲယားကွန်းစာသင်ဆောင်၊ စာသင်ခန်းများ၊ လက်တွေ့ခန်း၊ စာကြည့်တိုက်တို့ဖြင့် နိုင်ငံတော်မှ ချမှတ်ထားသော သင်ရိုးညွှန်းတမ်းများအပြင် ကွန်ပျူတာ၊ ပန်းချီ၊ဂီတ၊ အက၊ အားကစား စသည့်တွဲဖက်သင်ရိုးများကိုလည်း စနစ်တကျသင်ကြားပေးလျက်ရှိပါသည်။ ထို့အပြင် English 4Skills ကို (Native speaker - အမေရိကန်ဆရာမ)ဖြင့် သင်ကြားခြင်းနှင့်ကိုယ်ခန္ဓာကြံ့ခိုင်မှုလေ့ကျင့်ခန်းကို (သြစတေးလျသူဆရာမ) ဖြင့်စနစ်တကျ သင်ကြားပေးလျက်ရှိပါသည်။
စနစ်သစ်ပညာရေးမျှော်မှန်းချက်နှင့်အတူ (၂၁)ရာစုသင်ယူမှုစွမ်းရည်များဖြစ်သော -
(၁) Communication (ဆက်သွယ်ပြောဆိုခြင်း)
(၂) Collaboration (ပူးပေါင်းဆောင်ရွက်ခြင်း)
(၃) Creativity (တီထွင်ဖန်တီးခြင်း)
(၄) Cratical thinking (လေးနက်စွာသုံးသပ်ဆန်းစစ်ခြင်း)
(၅) Citizenship (နိုင်ငံသားကောင်းစိတ်ဓါတ်ရှိခြင်း)
စသည့်လိုအပ်သောကျွမ်းကျင်မှုများကို ပိုမိုအားကောင်းလာအောင် လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။
ထို့အပြင် သိပ္ပံ ၊ သင်္ချာ ၊ အင်ဂျင်နီယာ ၊ နည်းပညာတွေကို တပေါင်းတည်းထိထိရောက်ရောက် လက်တွေ့တတ်မြောက်စေရန် နှင့်(၂၁)ရာစုကလေးများအတွက် အခြေခံလိုအပ်သောစွမ်းအင်များ ပြည့်ဝလာစေရန် အတွက် STEAM Education ကိုလေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။
3Activities
ကျောင်းတွင်းအဆင့်လှုပ်ရှားမှုဓါတ်ပုံများ
ပြပွဲ၊ပြိုင်ပွဲ ဓါတ်ပုံများ
Outdoor လှုပ်ရှားမှုပုံများ
4Program
1. EduPark Weekend Program
1.1 English 4 Skills
1.2 Kids MBA
1.3 Programming & Robotic
4.1English 4 Skills
(Cambridge ESOL Young Learner Exam Preparation Course)
Objective
- to enhance student's language skills both receptive and productive
- to be able to take international ESOL test which is handed by Cambridge University
- to use English efficiently and appropriately according to the certain circumstances to break the language barrier communicating in English
4.2Kids MBA
Kids.MBA သင်ကြားပေးခြင်း၏ရည်ရွယ်ချက်များမှာ -
ဒီနေ့ကမ္ဘာပေါ်မှာဖွံ့ဖြိုးပြီးတဲ့နိုင်ငံတွေမှာ ကလေးအရွယ်ကစပြီး ကျောင်းတွေမှာ Entrepreneurship ကိုထည့်သွင်းသင်ကြားနေပါပြီ။ ဘာကြောင့်လဲဆိုရင် အရင်ကပညာသင်ကာလပြီးမှ လုပ်ငန်းခွင်ဝင်ကြရတဲ့ လူငယ်တွေမှာ ကြုံနေရတဲ့အားနည်းချက်တွေ၊ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ၊ စီးပွားစီမံမှုဆိုင်ရာ၊ ဈေးကွက်ဆိုင်ရာ၊ အသိပညာအားနည်းမှုတွေက သူတို့ရဲ့ဘဝတိုးတက်မှုကိုအနည်းအများ အခက်အခဲတွေဖြစ်စေခဲ့ကြပါတယ်။ ဒီအားနည်းချက်တွေမကြုံကြရအောင်နဲ့ အောင်မြင်တဲ့လုပ်ငန်း ထူထောင်သူတွေ အုပ်ချုပ်စီမံနိုင်သူတွေဖြစ်လာအောင် ကျောင်းနေစဉ်ကာလမှာထဲက Entrepreneurship ကိုထည့်သွင်းသင်ကြားလာကြပါပြီ။ ဒီလိုသင်ကြားပေးတဲ့အတွက်ကလေးတွေဟာ လူ့လောကအကြောင်း၊ လုပ်ငန်းတွေအကြောင်းပိုမိုနားလည်လာပြီး တီထွင်ဖန်တီးမှု၊ ဆန်းသစ်မှု၊ ဆင်ခြင်သုံးသပ်နိုင်မှု၊ နားလည်မှု၊ စာနာမှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊ သိတတ်ချင်မှု၊ အကောင်းမြင်တတ်မှု၊ မိမိကိုယ်ကိုယုံကြည်မှု၊ လူမှုအသိရှိမှုတွေရရှိလာကြပါတယ်။ စီးပွားရေးလုပ်ငန်းဆိုင်ရာအသိအမြင်များစွာ၊ ဆန်းသစ်တဲ့ စိတ်ကူးအတွေးအမြင်များစွာနဲ့ လက်တွေ့လုပ်ဆောင်လေ့ကျင့်နိုင်ကြလို့ ငယ်ရွယ်စဉ်ကပဲ ဦးဆောင်နိုင်သူတွေ ဖြစ်လာကြပါတယ်။ ဒီလိုအခြေအနေမျိုးကို ကျနော်တို့မြန်မာနိုင်ငံမှာလည်း ကလေးတွေရရှိစေဖို့အတွက် EduPark ကိုယ်ပိုင်အထက်တန်းကျောင်း စတင်သင်ကြား ပို့ချနေပြီဖြစ်ပါသည်။
4.3Programming & Robotic
ရည်ရွယ်ချက် - Programming & Robotic သင်ကြားပေးခြင်းဖြင့် Creative Skill ကောင်းမွန်သော ၊ Problem-Solving Skill ကောင်းမွန်သော ၊ Computational Thinking Skill ကောင်းမွန်သော ပညာရေးစနစ်ဖြစ်ပေါ်လာစေဖို့အထူးပြု သင်ကြားပေးခြင်းဖြစ်ပါသည်။
STEM Education မှာ Computer Science ဘာသာရပ် အဖြစ် သင်ကြားပို့ချပေးမည်ဖြစ်ပါသည်။
STEM ဆိုတာ ကမ္ဘာတစ်ဝန်းမှာ အရမ်းခေတ်စားနေတဲ့ ပညာရေးစကားလုံးတစ်ခုဖြစ်ပြီး
S ဆိုတာက Science
T ဆိုတာက Technology
E ဆိုတာက Engineering
M ဆိုတာက Mathematics ဖြစ်ပါတယ်။
သို့ဖြစ်ပါ၍ Programming & Robotic သင်ကြားပေးခြင်းဖြင့် သိပ္ပံ၊ သင်္ချာ၊ အင်ဂျင်နီယာ ၊ နည်းပညာတွေကို တပေါင်းတည်းထိထိရောက်ရောက်တက်မြောက်စေမည်ဖြစ်ပါသည်။